About MyanPay

MyanPay သည် လုံခြုံစိတ်ချ လွယ်ကူလျင်မြန်သည့် Online Payment System ဖြစ်ပါသည်။ MyanPay ၀န်ဆောင်မှုသည် မြန်မာပြည်တွင်း ဘဏ်များ၏ ပြည်တွင်းငွေလွှဲပို့ ၀န်ဆောင်မှုပေါ် အခြေခံ၍ တည်ဆောက်ထားသော Third-party Online Payment System တစ်ခုဖြစ်ပါသည်။ MyanPay ၀န်ဆောင်မှုအား တရားဝင်မှတ်ပုံတင်ထားသော Myanmar Soft-Gate Technology Co., Ltd မှ စီမံခန့်ခွဲ လုပ်ကိုင်ပါသည်။ MyanPay သည် online မှတဆင့် ငွေပေးချေခြင်း (Pay Online)၊ ငွေလွဲပို့ခြင်း (Sent Money)၊ ငွေလက်ခံခြင်း (Gaid Paid) တို့အား ၀န်ဆောင်မှုပေးပါသည်။
  • Online မှတဆင့် ငွေပေးချေခြင်း (MyanPay သည် Online မှ တဆင့် ငွေပေးချေခြင်းအား လုံခြုံစိတ်ချ လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင်သည့် Online ငွေပေးချေမှုစနစ်သစ် ဖြစ်ပါသည်။ )
  • ငွေလွှဲပို့ခြင်း (MyanPay သည် MyanPay Account အချင်းချင်း (သို့) လူကြီးမင်းငွေလွှဲပြောင်း ပေးပို့လိုသောသူ၏ Email Address သိရှိရုံဖြင့် ငွေလွှဲပေးပို့နိုင်ပါသည်။)
  • ငွေလက်ခံခြင်း (MyanPay သည် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများအတွက် ငွေလက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။)

MyanPay သည် အသုံးပြုသူများအတွက် Personal Account နှင့် Business Account ဟူ၍ နှစ်မျိုးခွဲခြား စီစဉ်ဆောင်ရွက်ထားပါသည်။)

Personal Account

ကိုယ်ရေးကိုယ်တာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စီစဉ်ထားသော Account အမျိုးအစားဖြစ်ပါသည်။ Personal Account သည် online တွင် ဈေးဝယ်ယူခြင်း၊ ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်း၊ လှုဒါန်းငွေပေးပို့ခြင်း စသည့် လုပ်ဆောင်ချက်များစွာအား ဆောင်ရွက်နိုင်ပါသည်။

Business Account

စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ထားသော Account အမျိုးအစားဖြစ်ပါသည်။ Business Account သည် Personal Account ၏ လုပ်ဆောင်ချက်များအား ဆောင်ရွက်နိုင်သည့်အပြင် Online Business များ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ထားပါသည်။

Copyright @ 2012 Myanpay, All rights reserved.