Getting Started

To Do Tasks

Online မှ ငွေလွဲပို့ခြင်း၊ ငွေလက်ခံခြင်း၊ ကုန်ပစ္စည်းများ ရောင်းချခြင်း ၊ ၀ယ်ယူခြင်း မပြုလုပ်မီ အောက်ပါ အချက်များကို ပထမဦးစွာ ပြုလုပ်ထားသင့်ပါသည်။
  • လူကြီးမင်း နှင့်သင့်တော်မည့် Account type အားရွေးချယ်ကာ MyanPay တွင် Account တစ်ခုဖွင့်ပေးရပါမည်။

  • လူကြီးမင်းသည် Business Account အားရွေးချယ်ခဲ့လျှင် လူကြီးမင်း၏ Business နှင့်ပတ်သက်သည့် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်းပေးရပါမည်။ To Sign Up Bussiness Account

  • လုံခြုံစိတ်ချရသော Password ကို အသုံးပြုပေးရပါမည်။ (ဥပမာ - Password ထည့်သွင်းရာတွင် Speical Character (!@#$%^&*) ကဲသို့သော စာလုံးများအား ထည့်သွင်းပေးပါရန်။)

  • လူကြီးမင်း ၏ Email နှင့် Mobile Phone ကိုအသုံးပြုကာ MyanPay Account ကို Activate ပြုလုပ်ပေးရပါမည်။

  • လူကြီးမင်း ၏ MyanPay Account ကို Verified state ဖြစ်သည်အထိ အဆင့်ဆင့်လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

  • MyanPay Account ထဲသို့ ငွေဖြည့်သွင်း၍ MyanPay Account Verify ပြုလုပ်ခြင်းအား အောက်ပါနည်းလမ်း (၃) မျိုးဖြင့် ဆောင်ရွက်နိုင်ပါသည်။ See more Add Funds

    • လူကြီးမင်းနှင့် အနီးဆုံး Bank မှတဆင့် MyanPay Account ထဲသို့ ငွေလွှဲပို့ခြင်း၊
    • လူကြီးမင်း၏ Bank account (current/saving) မှ MyanPay account ထဲသို့ ငွေလွှဲပြောင်းခြင်း။
    • MyanPay ၏ ကြိုတင်ငွေပေးကဒ်အား အသုံးပြု၍ ငွေဖြည့်သွင်းခြင်းများအား ဆောင်ရွက်နိုင်ပါသည်။

  • လူကြီးမင်း ၏ MyanPay Account ကို Login ၀င်ရန်အတွက် Verification type (Captcha code, Email or SMS) တစ်ခုခုကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။

  • လူကြီးမင်း၏ ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်း စသည့် အရေးကြီးလုပ်ဆောင်ချက်များအား မပြုလုပ်မီ လူကြီးမင်း၏ အတည်ပြုချက်ရယူရန် Verification Setting အား Profile တွင် ပြင်ဆင်နိုင်ပါသည်။

  • လူကြီးမင်း၏ လုပ်ဆောင်ချက် ပြီးမြောက်မှုများအား လူကြီးမင်းထံသို့ အမြဲမပြတ် အသိပေးရန် Notification Setting ကိုလည်း Profile တွင် ပြင်ဆင်နိုင်ပါသည်။

  • လူကြီးမင်း ၏ MyanPay Account တွင် လူကြီးမင်းလုပ်ဆောင်ခဲ့သော ငွေပေးငွေယူကိစ္စရပ်များအား MyanPay Account မှ စတင်သည်မှစ၍ နောက်ဆုံးလုပ်ဆောင်ခဲ့သည်အထိ Transaction History များကို ပြန်လည် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

  • Online Business လုပ်ဆောင်ရာတွင် လူကြီးမင်း၏ Website ၌ Simple payment button (သို.မဟုတ်) API based payment button များကို ပြုလုပ်၍သုံးစွဲနိုင်ပါသည်။

  • MyanPay ရှိ Features များကို လေ့လာအသုံးပြုခြင်းဖြင့် MyanPay ကိုအသုံးပြုရာတွင် ရင်းနှီးလာပြီး ပိုမို အသုံးပြုရ လွယ်ကူ အဆင်ပြေလာပါလိမ့်မည်။

Copyright @ 2012 Myanpay, All rights reserved.