How MyanPay Works
Overview Buyer Seller How to Add Funds How to Withdraw

MyanPay ၀န်ဆောင်မှုသည် မြန်မာပြည်တွင်း ဘဏ်များ၏ ပြည်တွင်းငွေလွဲပို့ ၀န်ဆောင်မှုပေါ် အခြေခံ၍ တည်ဆောက်ထားသော Third-party Online Payment System တစ်ခုဖြစ်ပါသည်။ MyanPay Online Pyament ၀န်ဆောင်မှုသည် မည်သည့် Personal Account (သို့) Business Account တွင်မဆို ငွေပေးပို့ခြင်း၊ ငွေလက်ခံခြင်း ကိစ္စရပ်များအား ၂၄ နာရီပတ်လုံး လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပါသည်။


၁။ ငွေပို့သူသည် Online Payment အား လွယ်ကူစွာပြုလုပ်နိုင်ခြင်း။

  • ငွေပို့သူသည် MyanPay payment button (သို့မဟုတ်) MyanPay ၏ send money features အား အသုံးပြု၍ online မှ ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ၀ယ်ယူရရှိနိုင်ပါသည်။


၂။ MyanPay ၏ process များအား ယုံကြည်စိတ်ချနိုင်ခြင်း။

  • ပေးပို့သူမှ ငွေပမာဏ နှုတ်ယူခြင်းနှင့် လက်ခံသူ (Seller or Receiver) သို့ ငွေပမာဏပေးပို့ခြင်းများအား မှန်ကန်တိကျစွာ ပြုလုပ်ပေးနိုင်ပါသည်။ လက်ခံသူနှင့် ပေးပို့သူနှစ်ဦးစလုံးထံသို့ အဆိုပါပေးပို့မှုအချက်အလက်များကို Email (or) SMS ပေးပို့ပေးမည် ဖြစ်သည်။


၃။ လက်ခံသူသည် လွယ်ကူစွာ လက်ခံရရှိနိုင်ခြင်း။

  • လက်ခံရရှိမည့် ငွေပမာဏအား လက်ခံသူ၏ MyanPay Account သို့ပေါင်းထည့်ပေးသွားမည် ဖြစ်ပါသည်။ MyanPay Account မှ လူကြီးမင်း၏ ATM (သို့မဟုတ်) Bank Account သို့ လွယ်ကူစွာ withdraw ပြုလုပ်နိုင်ပါသည်။



Copyright @ 2012 Myanpay, All rights reserved.